ဒူဘိုင်း UAE inside မှာ Professional ကျကျ ဘယ်လို အင်တာဗျူးဖြေမလဲ
Interview မှာ ပထဦးစွာ အိကျီများကို သန့်ပြန့်စွာ ပြန့်ပြူးစွာ ဝတ်စားရပါမယ် ။ Hygiene နဲ့အညီ လက်သည်း ဖိနပ် အနံ့အသက် က အစ ပြင်ဆင်သွားရပါမယ် ။ CV ဖောင်လဲ လုံးကျေနေအောင် မကိုင်ရပါ။ ဖိအားများပီး အတွေးမလွန်ဖို့လိုပါမယ် ။
Interviewer မေးတဲ့ မေးခွန်းတိုင်းကို သေချာကြားရအောင် နားထောင်ပါ ။
(zoomနဲ့မေးတယ်ဆို တိတ်ဆိတ်ပြီး အလင်းရောင် ရတဲ့ နေရာမျိုးကို ရွေးချယ်ဖြေဆိုပါ)
ပြုံးပါ (အင်တာဗျူး ခန်းထဲစဝင်တဲ့အချိန်မှာ တံခါးကို မတိုးမကျယ်၃ချက်ခေါက်ပါ ပြီးရင် “Excuse me..May I come in” “May I have a seat “ဆိုပြီး ဝင်ခွင့်တောင်းရပါမယ်။
အင်တာဗျူး ပြီးဆုံးသွားတဲ့ချိန်ထိ မိမိမျက်နှာပေါ်ကအပြုံးမပျက်ပါနှင့်)
Tell me about yourself ဆိုပြီး မေးတာနဲ့ မိသားစုအကြောင်း ဘယ်မှာနေခဲ့တာတွေ ဖြေဖို့မဟုတ်ပါဘူး ။
ကိုယ်လုပ်ခဲ့ဘူးတဲ့ အလုပ်တွေထဲကနေ အတွေ့အကြုံတွေ achievement တွေကို ပြောပြရမှာပါ ။ ကိုယ်က ဒီကုမ္ပဏီမှာ ဘယ်လို အောင်မြင်အောင် လုပ်ပေးနိုင်တယ် ။ income တွေရလာအောင်
ဘယ်လို ကြိုးစားပေးနိုင်တယ်ဆိုတာကို ထည့်ဖြေတာက Interviewer တွေလိုချင်တဲ့အချက်ပါ ။
Interviewer ရဲ့မေးတဲ့မေးခွန်းတိုင်းကိုစိတ် ဝင်တစားနဲ့ အလေးအနက်ထားတဲ့ ပုံစံမျိုး ဖြေဆိုရပါမယ် ။ နားမလည်တာ မရှင်းတာမျိုး ဆို
“Pardon.. sir/madam
I can’t catch your questions “ဆိုပြီး ပြန်မေးလို့ရပါတယ်
ကုမ္ပဏီအကြောင်း/ဟိုတယ်အကြောင်းနဲ့ပတ်သက်ပြီး Interviewer တွေက ပြောပြ ရှင်းပြတဲ့ key points တွေကို သေချာ နားထောင်ပြီး တခါထဲ မေးခွန်းတွေ ပြန်ထုတ်နိုင်ရပါမယ် ။
Interview ဆိုတာက သူမေးတာပဲ ဖြေဖို့ကိုယ်ကလာတာမဟုတ်ပါဘူး …..ကိုယ့်မေးခွန်းတိုင်းကိုလဲ သူ့ဘက်ကပြန်လည်ဖြေဆိုပေးရပါမယ် ။
ဒါကို တချို့တွေက ကြောက်ပြီး အင်တာဗျူးခန်းထဲဝင်ပြီဆိုစိုးရိမ်နေတတ်ကြပါတယ် ။
အင်တာဗျူးများများဖြေလေ အတွေ့အကြုံများများရလေပါပဲရှင်…….
Interview မ၀င်ခင်မှာ……ကြိုတင်ပြီး company ရဲ့အကြောင်း products/menuတွေအကြောင်း သေချာ လေ့လာထားဖို့လိုပါတယ်။
ကိုယ်လျှောက်ထားတဲ့ positionနဲ့ ပတ်သက်ပြီး duties & responsibility တွေ သေချာနားလည်အောင် လုပ်သွားခြင်းဟာ Interviewer တွေအရမ်းသဘောကျတဲ့အချက်ပါ ။
Why should we hire you?
မင်းကိုငါတို့ကဘာကြောင့်အလုပ်ခန့်ရမှာလဲလို့ မေးရင် –
ဒီ အလုပ်ဟာ ကိုယ့် passion ဖြစ်ကြောင်း၊ ကိုယ့်နဲ့ဘယ်လို suitable ဖြစ်ကြောင်း ၊ ကိုယ့်ကို အလုပ်ခန့်ရင် ဘယ်လိုအောင်မြင်တိုးတက်အောင်ဆောင်ရွက်ပေးနိုင်ကြောင်း ၊ ဟုတ်ဟုတ်မဟုတ်ဟုတ် အသားကုန်ရွှီးခဲ့ပါ ။
ဒါဆို အလုပ်ရဖို့ chance များသွားပြီ ဖြစ်ပါတယ်။
နောက်ဆုံးမှာ ဘာမေးစရာရှိသေးလည်း…….
မေးတတ်ပါတယ် အဲ့ခါကြ No လို့ဖြေဆိုခဲ့တာတွေ လုံးဝ လုံးဝ မလုပ်ကြပါနဲ့
အပြုံးလေးနဲ့ ကိုယ်လျှောက်တဲ့အလုပ်နဲ့သက်ဆိုင်တဲ့ မေးခွန်းမျိုးတွေ၊ ဥပမာ ငါ့ကိုဘယ်လို မြင်လဲ?
မင်းအနေနဲ့ရော စိတ်ပင်ပန်းတာ ဒေါသထွက်တာမျိုးတွေဆို……ဘာတွေလုပ်လဲ ဘယ်လို handle လုပ်လဲ? team members တွေ coworkers တွေကိုရော ဘယ်လို training မျိုး တွေပေးထားလဲ?
အလုပ်မခန့်တဲ့ အကြောင်းရင်းတွေဟာ များစွာရှိနေနိုင်တာကြောင့် ကိုယ့်ဘက်ကသာ သေသေချာချာ ပြင်ဆင်ထားပါ။
ဖြေနိုင်တာမဖြေနိုင်တာထက် အင်တာဗျူးတိုင်းရဲ့ question & answer တွေကို ပိုင်နိုင်ဖို့ များများစာဖတ် များများလေကျင့်ပါ။
interview ဖြေနိုင်သော်လည်းအလုပ်ဆက်ရှာတာ interview ဆက်၀င်တာကို ရပ်တန့်လိုက်လို့ လုံး၀ မရပါဘူး
offer letter ကိုယ့်လက်ထဲ ရောက်ပြီ ဆိုမှ အလုပ်ရှာတာ ရပ်ရမှာ ပဲ ဖြစ်ပါတယ်။