Professional ကျကျ ဘယ်လို အင်တာဗျူးဖြေမလဲ

·

·

ဒူဘိုင်း UAE inside မှာ Professional ကျကျ ဘယ်လို အင်တာဗျူးဖြေမလဲ

Interview မှာ ပထဦးစွာ အိကျီများကို သန့်ပြန့်စွာ ပြန့်ပြူးစွာ ဝတ်စားရပါမယ် ။ Hygiene နဲ့အညီ လက်သည်း ဖိနပ် အနံ့အသက် က အစ ပြင်ဆင်သွားရပါမယ် ။ CV ဖောင်လဲ လုံးကျေနေအောင် မကိုင်ရပါ။ ဖိအားများပီး အတွေးမလွန်ဖို့လိုပါမယ် ။

✅ Interviewer မေးတဲ့ မေးခွန်းတိုင်းကို သေချာကြားရအောင် နားထောင်ပါ ။

(zoomနဲ့မေးတယ်ဆို တိတ်ဆိတ်ပြီး အလင်းရောင် ရတဲ့ နေရာမျိုးကို ရွေးချယ်ဖြေဆိုပါ)

✅ ပြုံးပါ (အင်တာဗျူး ခန်းထဲစဝင်တဲ့အချိန်မှာ တံခါးကို မတိုးမကျယ်၃ချက်ခေါက်ပါ ပြီးရင် “Excuse me..May I come in” “May I have a seat “ဆိုပြီး ဝင်ခွင့်တောင်းရပါမယ်။

အင်တာဗျူး ပြီးဆုံးသွားတဲ့ချိန်ထိ မိမိမျက်နှာပေါ်ကအပြုံးမပျက်ပါနှင့်) 🤗

✅ Tell me about yourself ဆိုပြီး မေးတာနဲ့ မိသားစုအကြောင်း ဘယ်မှာနေခဲ့တာတွေ ဖြေဖို့မဟုတ်ပါဘူး ။

ကိုယ်လုပ်ခဲ့ဘူးတဲ့ အလုပ်တွေထဲကနေ အတွေ့အကြုံတွေ achievement တွေကို ပြောပြရမှာပါ ။ ကိုယ်က ဒီကုမ္ပဏီမှာ ဘယ်လို အောင်မြင်အောင် လုပ်ပေးနိုင်တယ် ။ income တွေရလာအောင်

ဘယ်လို ကြိုးစားပေးနိုင်တယ်ဆိုတာကို ထည့်ဖြေတာက Interviewer တွေလိုချင်တဲ့အချက်ပါ ။

✅ Interviewer ရဲ့မေးတဲ့မေးခွန်းတိုင်းကိုစိတ် ဝင်တစားနဲ့ အလေးအနက်ထားတဲ့ ပုံစံမျိုး ဖြေဆိုရပါမယ် ။ နားမလည်တာ မရှင်းတာမျိုး ဆို

“Pardon.. sir/madam

I can’t catch your questions “ဆိုပြီး ပြန်မေးလို့ရပါတယ် 👏

✅ ကုမ္ပဏီအကြောင်း/ဟိုတယ်အကြောင်းနဲ့ပတ်သက်ပြီး Interviewer တွေက ပြောပြ ရှင်းပြတဲ့ key points တွေကို သေချာ နားထောင်ပြီး တခါထဲ မေးခွန်းတွေ ပြန်ထုတ်နိုင်ရပါမယ် ။

Interview ဆိုတာက သူမေးတာပဲ ဖြေဖို့ကိုယ်ကလာတာမဟုတ်ပါဘူး …..ကိုယ့်မေးခွန်းတိုင်းကိုလဲ သူ့ဘက်ကပြန်လည်ဖြေဆိုပေးရပါမယ် ။

ဒါကို တချို့တွေက ကြောက်ပြီး အင်တာဗျူးခန်းထဲဝင်ပြီဆိုစိုးရိမ်နေတတ်ကြပါတယ် ။

အင်တာဗျူးများများဖြေလေ အတွေ့အကြုံများများရလေပါပဲရှင်…….

✅ Interview မ၀င်ခင်မှာ……ကြိုတင်ပြီး company ရဲ့အကြောင်း products/menuတွေအကြောင်း သေချာ လေ့လာထားဖို့လိုပါတယ်။

ကိုယ်လျှောက်ထားတဲ့ positionနဲ့ ပတ်သက်ပြီး duties & responsibility တွေ သေချာနားလည်အောင် လုပ်သွားခြင်းဟာ Interviewer တွေအရမ်းသဘောကျတဲ့အချက်ပါ ။

✅ Why should we hire you?

မင်းကိုငါတို့ကဘာကြောင့်အလုပ်ခန့်ရမှာလဲလို့ မေးရင် –

ဒီ အလုပ်ဟာ ကိုယ့် passion ဖြစ်ကြောင်း၊ ကိုယ့်နဲ့ဘယ်လို suitable ဖြစ်ကြောင်း ၊ ကိုယ့်ကို အလုပ်ခန့်ရင် ဘယ်လိုအောင်မြင်တိုးတက်အောင်ဆောင်ရွက်ပေးနိုင်ကြောင်း ၊ ဟုတ်ဟုတ်မဟုတ်ဟုတ် အသားကုန်ရွှီးခဲ့ပါ ။

ဒါဆို အလုပ်ရဖို့ chance များသွားပြီ ဖြစ်ပါတယ်။

✅ နောက်ဆုံးမှာ ဘာမေးစရာရှိသေးလည်း…….

မေးတတ်ပါတယ် အဲ့ခါကြ No လို့ဖြေဆိုခဲ့တာတွေ လုံးဝ လုံးဝ မလုပ်ကြပါနဲ့ ❌

အပြုံးလေးနဲ့ ကိုယ်လျှောက်တဲ့အလုပ်နဲ့သက်ဆိုင်တဲ့ မေးခွန်းမျိုးတွေ၊ ဥပမာ ငါ့ကိုဘယ်လို မြင်လဲ?

မင်းအနေနဲ့ရော စိတ်ပင်ပန်းတာ ဒေါသထွက်တာမျိုးတွေဆို……ဘာတွေလုပ်လဲ ဘယ်လို handle လုပ်လဲ? team members တွေ coworkers တွေကိုရော ဘယ်လို training မျိုး တွေပေးထားလဲ?

အလုပ်မခန့်တဲ့ အကြောင်းရင်းတွေဟာ များစွာရှိနေနိုင်တာကြောင့် ကိုယ့်ဘက်ကသာ သေသေချာချာ ပြင်ဆင်ထားပါ။

ဖြေနိုင်တာမဖြေနိုင်တာထက် အင်တာဗျူးတိုင်းရဲ့ question & answer တွေကို ပိုင်နိုင်ဖို့ များများစာဖတ် များများလေကျင့်ပါ။

interview ဖြေနိုင်သော်လည်းအလုပ်ဆက်ရှာတာ interview ဆက်၀င်တာကို ရပ်တန့်လိုက်လို့ လုံး၀ မရပါဘူး 👋👋👋

offer letter ကိုယ့်လက်ထဲ ရောက်ပြီ ဆိုမှ အလုပ်ရှာတာ ရပ်ရမှာ ပဲ ဖြစ်ပါတယ်။